သတ္တုပစ္စည်းတွေကို ဒီလိုအရောင်တင်မယ်။ ကုန်သွားတဲ့သွားတိုက်ဆေးဘူးကို ဖြတ်ပြီးဖွင့်လိုက်ပါ။ ကျန်နေတဲ့ သွားတိုက်ဆေးနဲ့ ရေပိုက်ခေါင်း၊ ဒါမှမဟုတ် တခြားသတ္တုပစ္စည်းတွေကို ပွတ်တိုက်ပေးပါ။ အရောင်လည်း တောက်ပလာမယ်။အစွန်းအထင်းတွေလည်းပျောက်သွားမယ်။ ပြီးတော့ အနံ့မွှေးမွှေးလေး ကျန်ခဲ့မယ်။ Credit- တူဒေး အယ်ဒီတာအဖွဲ့
How to get out chilli sauce ခရမ်းချဉ်သီးဆော့စ်တို့၊ ငရုတ်ဆီတို့ကို ပုလင်းအသစ်ဖောက်ပြီး ချက်ချင်းသွန်ထည့်လို့ မရရင် အအေးသောက်တဲ့ ပိုက်လေးတစ်ခုလောက် ထိုးထည့်ပြီး သွန်ထည့်ကြည့်ပါ။ လွယ်လွယ်ကူကူ ထွက်လာပါလိမ့်မယ်။ Credit- တူဒေး အယ်ဒီတာအဖွဲ
ရေတွေစိုလို့မပျက်နိုင်အောင် မိတ်ဆွေသူငယ်ချင်းတွေဆီကို ပစ္စည်းပဲ့ပို့ပို့၊ စာပဲ့ထည့်ထည့် မတော်တဆ ကိုယ်ရေးတဲ့လိပ်စာပေါ် ရေစက်ကျတဲ့အခါ၊ ဒါမှမဟုတ် မိုးရေစိုတဲ့အခါ လိပ်စာပျက်သွားနိုင်ပါတယ်။ ရေးပြီးတဲ့ လိပ်စာပေါ်မှာ ဖယောင်းတိုင်ကို လှိမ့်ပြီး ဖုံးသုတ်ထားပေးလိုက်မယ်ဆိုရင် ဒီအန္တရာယ်ကို ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ Credit- တူဒေး အယ်ဒီတာအဖွဲ့
အမွေးတွေ ဘယ်လိုရှင်းမလဲ။ အချစ်တော်ကြောင်လေး၊ ခွေးလေးတွေမွေးတာကတော့ကောင်းပါရဲ့။ သင့်ကားထိုင်ခုံတွေ၊ အိမ်ကပရိဘောဂတွေမှာ သူတို့အမွေးတွေ ကပ်ငြိနေတာတော့ ပြဿနာပါပဲ့။ ဒါပေမဲ့ အလွယ်လေးပါ။ ဆေးသုတ်တံရဲ့ဒလိမ့်မှာ Double Tape ကိုပတ်ပြီး ဆိုဖာတွေ ပရိဘောဂတွေအပေါ် လိုက်လိမ့်ပါ။ အမွေးတွေ တိပ်မှာ ကပ်ငြိပြီး ပါလာပါလိမ့်မယ်။ Credit- တူဒေး အယ်ဒီတာအဖွဲ့
Download Rocket Online Shopping Android Application Install Our Android application Now Download From Pcloud (Version 1.1) https://my.pcloud.com/publink/show… Download From Google Drive (Version 1.1) https://drive.google.com/open… Download From Original Url http://app.appsgeyser.com/6739975/Rocket%20Online%20Shopping