ဒီလို လှလှလေး ပြင်မယ်။ Foot Decoration
How to make chili fresh ငရုတ်သီး အမြဲလတ်တဲ့နည်း ပူပြင်းတဲ့ရာသီမှာ ငရုတ်သီးခြောက်တွေကို နဂိုအတိုင်း လတ်လတ်ဆတ်ဆတ် ဖြစ်အောင် သိမ်းထားမယ် ဆိုရင်တော့ ဆီနည်းနည်းအကုန်ခံရပါမယ်။ငရုတ်သီး တွေကို ဆီထဲငါးမိနစ်လောက်ထားပြီးမှ သိမ်းထားပါ။ အမြဲလတ်ဆတ်နေပါလိမ့်မယ်။ Credit- တူဒေး အယ်ဒီတာအဖွဲ့
ဂျယ်လီလှလှ လုပ်ကြရအောင် ချောကလက်ဘူးတွေ ထဲမှာပါတဲ့ ပုံစံမျိုးစုံ ပလတ်စတစ် ခွက်ကလေးတွေကို သုံးပါမယ်။ အသင့်ဖျော်ထားတဲ့ ဂျယ်လီရည်ကို အဲဒီခွက်ကလေးတွေထဲ ထည့်ပြီး ရေခဲသေတ္တာ ထဲသိမ်းထားပါ။ ကလေးတွေ အကြိုက် ဂျယ်လီလှလှ ရပြီပေါ့။ Credit-တူဒေး အယ်ဒီတာအဖွဲ့
how to make baby take pill တချို့ဆေးတွေကခါးလွန်းလို့ အဝင်ဆိုးနေပါသလား။ ဆေးမသောက်ခင် ရေခဲတုံး လေးတစ်တုံးကို တစ်အောင့်ငုံလိုက်ပါ။ လျှာတွေ အေးပြီးထုံကျင်နေတုန်းမှာ ဆေးသောက်ချလိုက်ပါ။ ဘယ်လောက်ခါးခါး ဘာအရသာမှ မခံစားရတော့ဘဲ ရှောရှောရှူရှူ ဝင်သွားပါလိမ့်မယ်။ Credit- တူဒေး အယ်ဒီတာအဖွဲ့
လက်ဆောင်ဘူးလှလှ ဆလင်ဒါပုံ၊ လေးထောင့်ပုလင်းပုံ ပလက်စတစ် ဘူးလှလှလေးတွေနဲ့ထည့်ထားတဲ့ အာလူးကြော်ဘူးတွေ ဝယ်စားပြီးလို့ အာလူးကြော်တွေ ကုန်သွားရင် ဘူးကို လွင့်မပစ်နဲ့နော်။ရေဆေးပြီး သိမ်းထားပါ။ ပြီးရင် လက်ဆောင်ဘူး အဖြစ်သုံးပါ။ ကွတ်ကီးမုန့်၊သကြားလုံးနဲ့ တီရှပ်ကိုတောင်ထည့်ပြီး ပေးလို့ ရပါတယ်။ ပစ္စည်းထည့်ပြီးတဲ့အခါ ပက်ကင်ပေပါ လှလှလေးနဲ့ထုပ်ပြီး လက်ဆောင်ပေးလို့ရပြီပေါ့။ Credit- တူဒေးအယ်ဒီတာအဖွဲ့ —
Morning Breakfast ညစာထမင်းတွေပိုနေပြီဆိုရင် စိတ်မပူပါနဲ့။ကျန်သမျှ ထမင်းအားလုံးကို ရေခဲသေတ္တာထဲထည့်သိမ်းထားလိုက်ပါ။ မနက်ရောက်ပြီဆိုရင် သိမ်းထားတဲ့ ထမင်းကြမ်းကိုရေအသင့်အတင့်ထည့်ပြီးဆန်ပြုတ်ဖြစ်လာတဲ့အထိ ကျိုပါ။ ကိုယ်နှစ်သက်ရာအသား၊ဒါမှမဟုတ်နို့၊ကြက်သွန်မြိတ်၊ငရုတ်ကောင်း၊ဆား စတာတွေထည့်ပါ။ပူပူလေးနဲ့ အရသာရှိတဲ့ မနက်စာဆန်ပြုတ်ရပါပြီ။ Credit-တူဒေးအယ်ဒီတာအဖွဲ့
ကျကွဲသွားတဲ့ကြက်ဥတွေအတွက် how to remove damage egg ကြက်ဥ၊ဘဲဥတွေ ကျကွဲသွားတဲ့အခါ ချွဲကျိကျိ စိုဖတ်ဖတ်နဲ့ ရှင်းရ၊ သုတ်ရ မလွယ်ကူတဲ့အတွက် အိမ်ရှင်မတွေတော်တော်စိတ်ညစ်ရပါတယ်။ဒီအတွက် စိတ်မညစ်ပါနဲ့တော့။ ပေပွနေသမျှ အရည်၊ အနှစ်တွေ ပေါ်ကို ဆား ခပ်များများဖြူးပြီး၊ ငါးမိနစ်လောက် ထားလိုက်ပါ။ ဆား ဟာအရည် အနှစ်တွေ ခြောက်စေတဲ့အတွက် ရှင်းရ၊ သုတ်ရတာ […]
ဆီသုတ်သတင်းစာ သားငါးတွေကို ဆီများများနဲ့ကြော်ပြီးတဲ့အခါ ဒယ်အိုးကိုစင်ကြယ်အောင် ဆေးဖို့ခက်ပါတယ်။ နည်းသိရင်တော့ လွယ်ပါတယ်။သတင်းစာကို လုံးခြေပြီး၊ ဆီတွေကို တစ်ကြိမ်၊နှစ်ကြိမ် လောက် အရင်ဆုံး သုတ်ပစ်ပါ။ ရွှဲနေတဲ့ဆီတွေ တော်တော်စင်သွားပြီဆိုမှ ဆပ်ပြာရည်နဲ့ဆေးကြောပစ်လိုက်ပါ။လွယ်ကူပြီး၊ ဆပ်ပြာရည် အကုန်သက်သာစေတဲ့နည်းပေါ့။ Credit- တူဒေးအယ်ဒီတာအဖွဲ့
ထောပတ်ထမင်း ထောပတ်ထမင်း နဲ့ ကြက်သားဟင်း (၈ယောက်စာ) ထောပတ်ထမင်း နဲ့ ကြက်သားဟင်း ချက်နည်းလေးပါ။ အလျှူမင်္ဂလာပွဲတွေမှာပဲဖြစ်ဖြစ်၊ နေ့လည်စာ၊ ညနေစာပဲ ဖြစ်ဖြစ် လုပ်စားနိုင်အောင်ပါ။ ထောပတ်ထမင်းဆိုတာနဲ့ ထောပတ်အနံ့သင်းပြီ အရသာ အရမ်းကောင်းမွန်တယ်ဆိုတာ တန်းသိနိုင်မှာပါ။ ထို့ပြင် ချက်ရတာလည်း လွယ်လွယ်ကူကူပင် လုပ်စားနိုင်သည်မို့ ထောပတ်ထမင်းကို ခုပဲ လုပ်လိုက်ကြရအောင်… ထောပတ်ထမင်းတွင် ပါဝင်ပစ္စည်းများ ဘာစမာတီ ဆန် […]
ကိုကာကိုလာနဲ. ဘာလုပ်နိုင်လည်း ၁။ အစွန်းအထင်းများ ချွတ်နိုင်ပါတယ်။ ၂။ ပိုးမွှားများကို သေစေနိုင်ပါတယ်။ ၃။ ပီကေကို အလွယ်တကူ ခွာနိုင်ပါတယ်။ ၄။ သံနဲ. စတီးများကို ပြောင်လက်စေပါတယ်။ ၅။ မူလီကို အလွယ်တကူ စုပ်ထုတ်နိုင်ပါတယ်။ ၆။ ရေနွေးအိုးကို အသစ်အတိုင်း ပြန်ဖြစ်စေပါတယ်။ ၇။ အိမ်သာ ကြမ်းခင်းအမဲများကို ပြောင်လက်စေပါတယ်။ ၈။ မှန်ကို […]